Black Pink ရဲ့ Kill This Love သီချင်းနဲ့ အမိုက်စားကပြလိုက်တဲ့ ဖြူဖြူထွေးရဲ့အကဗီဒီယိုဖိုင်

0
196
Loading...

[Zawgyi]








Source:Phyu Phyu Htwe

Loading...

[Unicode]
ဟာသမင်းသမီးလေးလို့ အားလုံးကသိရတဲ့ ဖြူဖြူထွေးကတော့ အခွီတလိုင်းဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေကြားမှာ အောင်မြင်မှုရလာခဲ့တာ ဖြစ်ပါတယ်။ အချိန်ခဏလေးအတွင်းမှာတင် ပရိသတ်တွေရဲ့အားပေးမှုများစွာ ရရှိထားတဲ့ ဖြူဖြူထွေးက ကြော်ငြာ၊သီချင်းဗီဒီယိုနဲ့ ဇာတ်ကားတွေ မနားတမ်းရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖြူဖြူထွေးက နာမည်လေးနဲ့လိုက်အောင် ဖြူစင်ရိုးသားပြီး ဖော်ရွေလွန်းတာကြောင့် လူချစ်လူခင်ပေါများနေတာပဲ ဖြစ်ပါတယ်။



ဟာသအမူအရာလေးတွေလုပ်တတ်ပြီး ကခုန်ရတာလည်း ဝါသနာပါတဲ့ ဖြူဖြူထွေးက မကြာခဏဆိုသလို Tik Tok ဗီဒီယိုလေးတွေရိုက်ကူးပြီး ပရိသတ်တွေအတွက် တင်ပေးလေ့ရှိတာ ဖြစ်ပါတယ်။ တစ်နေ့တစ်မျိုး မရိုးနိုင်အောင် တင်ဆက်နိုင်တဲ့ ဖြူဖြူထွေးရဲ့ဗီဒီယိုလေးတွေကတော့ အရမ်းကိုကြည့်ရှုသူများပြားနေတာလည်း ဖြစ်ပါတယ်။ အခုလည်း ဖြူဖြူထွေးက အမိုက်စားအကဗီဒီယိုလေးတစ်ခုကို အသစ်တင်ပေးထားတာ တွေ့ရပါတယ်။



ဒီတစ်ခါမှာတော့ ဖြူဖြူထွေးက နာမည်ကြီးကိုရီးယားအဖွဲ့တစ်ခုဖြစ်တဲ့ “Black Pink” ရဲ့ “Kill This Love “သီချင်းနဲ့ အမိုက်စားကပြလိုက်တာ ဖြစ်ပါတယ်။ အလန်းစားကကွက်တွေနဲ့ စည်းချက်ကျကျ ကပြထားတဲ့ ဖြူဖြူထွေးရဲ့ဗီဒီယိုလေးကတော့ လူကြိုက်များအောင်မြင်နေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့အကဗီဒီယိုဖိုင်လေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Phyu Phyu Htwe

LEAVE A REPLY

Please enter your comment!
Please enter your name here