အသည်းယားစရာကောင်းလောက်အောင် ချစ်ဖို့ကောင်းတဲ့ ယွန်းယွန်းရဲ့ပုံရိပ်တွေ

0
60
Loading...

[Zawgyi]






Loading...

[Unicode]
ကလေးသရုပ်ဆောင်အရွယ်ကတည်းကနေ ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းကို တောက်လျှောက်ရရှိခဲ့တဲ့ ချစ်စရာကောင်မလေး ယွန်းယွန်းကတော့ အခုဆိုရင် မင်းသမီးတစ်ဦးအနေနဲ့ သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ယွန်းယွန်းက ကြော်ငြာရိုက်ကူးထားတဲ့ သူမရဲ့ အလှဓာတ်ပုံလေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အဝါရောင် တဘက်လေးနဲ့ ကြော်ငြာရိုက်ကူးနေတဲ့ ယွန်းယွန်းလေးရဲ့ပုံရိပ်တွေကတော့ အရမ်းကို ချစ်ဖို့ကောင်းလွန်းနေတာပါနော်။


ချစ်ပရိသတ်တွေအတွက် မြင်သူတကာ ရင်ကိုလှုပ်ခတ်သွားစေမယ့် ယွန်းယွန်းရဲ့ အလှပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ယွန်းယွန်းကတော့ “မျက်နှာအသားအရည်လေးကို ဂရုစိုက်ရမယ်မှန်းသိပေမယ့်လည်း Yoonလိုပဲ အချိန်အများကြီးမပေးနိုင်ဘူးဆိုရင်.. အချိန်အကုန်သက်သာပြီး သုံးရလွယ်တဲ့ Clean and Clear Facial Foaming Wash နဲ့ Toner လေးကို အားကိုးလို့ရတယ်နော်.. ဝက်ခြံတွေဖြစ်မှာလဲ စိတ်ပူစရာမလိုတော့ဘူး!! ☺️☺️ Ps. ဒါကတော့ယွန်းရဲ့အမြန်ဆုံးနဲ့အလွယ်ကူဆုံး skincare routine လေးပေါ့နော်.. Sisတို့ရဲ့skincareကိုရော ဘယ်လိုလုပ်လဲ? 😃” ဆိုပြီး အရမ်းချစ်ဖို့ကောင်းတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ဝေမျှပေးထားတာပါ။


တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ ယွန်းယွန်းလေးကိုတော့ ပုရိသကိုကိုတွေကလည်း အရမ်းကို ကြွေနေကြတာပါနော်။ ယွန်းယွန်းကတော့ လတ်တလောမှာ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေပြီး တစ်ခြားသောအနုပညာအလုပ်တွေလည်း လုပ်ကိုင်ဖြစ်နေတာ တွေ့ရပါတယ်။ သရုပ်ဆောင် ပီပြင်လွန်းတာကြောင့်လည်း ကလေးဘဝမှာကတည်းက အကယ်ဒမီဆုကို ပိုင်ဆိုင်ခဲ့သလေးဆိုရင်လည်း မမှားပါဘူးချစ်ပရိသတ်တွေလည်း တစ်နေ့တစ်ခြား လှသွေးကြွယ်လာတဲ့ ယွန်းယွန်းလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

LEAVE A REPLY

Please enter your comment!
Please enter your name here