သဘင်လောကသား တွေအတွက် သဘင်ရွာတည်ဆောက်တော့မယ့် ဖိုးချစ်

0
67
Loading...

[Zawgyi]






Loading...

[Unicode]
ပရိသတ်တွေချစ်ကြတဲ့အနုပညာရှင်လဲဖြစ် ၊ သဘင်လောကရဲ့ အားကိုးအားထားပြုရတဲ့ ဥက္ကဠလဲဖြစ်တဲ့ ဖိုးချစ်ဟာ သဘင်လောကသားတွေ ရဲ့ နေရာထိုင်ခင်း အခက်အခဲကိုဖြေရှင်းပေးတဲ့အနေနဲ့ သဘင်ရွာကို ဖော်ဆောင်သွား မှာဖြစ်တယ်လို့ သိရပါတယ်။ သူဟာ သဘင်ရွာမတိုင်ခင် သဘင်ခြံကြီးကို တည်ထောင်ပြီး မိသားစု (၅၀၀)နဲ့ (၁၀၀၀) ကြားနေထိုင်ခွင့် ရရှိမှာဖြစ်တယ်လို့လဲ သိရပါတယ်။ သူဟာ သဘင်ခြံကြီးကိုတော့ သဘင်အနုပညာရှင် တွေသာဝယ်ယူခွင့် ရရှိနိုင်မှာဖြစ်တယ်လို့လဲ သိရပါတယ်။


ဖိုးချစ်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်မှာ သဘင်အိမ်ရာ စီမံကိန်းကြီးကို အကောင်ထည်ဖော်နေပြီး သဘင်အနုပညာရှင်များ နေစရာအတွက် အခက်အခဲမရှိ၊ အဆင်ပြေနိုင်ဖို့အတွက် ဖော်ဆောင်ရတာဖြစ်တယ်လို့လဲ သိရပါတယ်။ ဒီခြံကြီးမှာ သဘင် အနုပညာရှင်တို့ရဲ့ မိသားစု (၅၀၀)နဲ့ (၁၀၀၀) ကြားနေထိုင်ခွင့် ရရှိမှာဖြစ်ပြီး အခြားတိုင်းနှင့်ပြည်နယ်မှ သဘင်အနုပညာရှင်များ ကလည်း သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီပါက ဝယ်ယူခွင့်ရရှိမှာ ဖြစ်တယ်လို့လဲ သိရပါတယ်။ ဒါ့အပြင် သူက သူ့ရဲ့ အကြီးမားဆုံး ဆန္ဒဖြစ်တဲ့ သဘင်ရွာကြီး တည်ထောင်ဖို့အတွက်ကိုလဲ မြေနေရာသွားရောက်ကြည့်ရှု့နေပြီလို့လဲ သိရပါတယ်။ အဆိုပါ သဘင်ရွာကြီးမှာ ပန်းခြံ၊ ရေကူးကန် နဲ့ ဘောလုံးကွင်းတွေပါ ပါဝင်မှာ ဖြစ်တယ်။ လက်ရှိဆောက်လုပ်ထားတဲ့ သဘင်ခြံကြီးမှာလဲ ဖူဆယ်ဘောလုံးကွင်းပါဝင်ပြီး သဘင်နဲ့ ပတ်သက်တဲ့ ဇာတ်ခုံတွေ၊ တီးဝိုင်းတိုက်တဲ့ အဆောင်တွေ စတာတွေလဲ ပါဝင်ပါတယ်။


ဒါ့အပြင် သဘင်ခြံကြီးက တန်ဖိုးနည်း အိမ်ရာဖြစ်ပြီး သိန်း (၁၁၀) ကနေ သိန်း (၂၀၀) ကျော်အထိ A ၊ B ၊ C သုံးမျိုးခွဲခြား ထားတာ ဖြစ်ပြီး ပထမဆုံး (၂၀) ရာခိုင်နှုန်း သာ သွင်းရမှာဖြစ်ပြီး ကျန်တာကို (၁၅ )နှစ်အရစ်ကျနဲ့ ဝယ်ယူနိုင်မှာဖြစ်တယ်လို့လဲ သိရပါတယ်။ သဘင်ရွာ အတွက်ကိုလဲ ဇူလိုင်လ (၂၄)ရက်နေ့က ကွင်းစင်းလေ့လာနေပြီလို့ သိရပါတယ်။ ဖတ်ရှု့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ သဘင်ရွာကြီးလဲ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

LEAVE A REPLY

Please enter your comment!
Please enter your name here