နာဂတိုင္းရင္းသားကို က်န္းမာေရးဗဟုသုတေတြ မွ်ေဝခဲ့တဲ့ မာရီကိုးလ္

0
82
Loading...

[Zawgyi]
မာရီကိုးလ္ဟာ နာဂတိုင္းရင္းသားေတြအတြက္ ေဆးဝါးနဲ႕ လိုအပ္တဲ့ အသုံးအေဆာင္ေတြကို သြားေရာက္လႉဒါန္းခဲ့ၿပီလို႔ဆိုပါတယ္။ က်န္းမာေရးနဲ႕ပတ္သက္တဲ့ အသိပညာေပးေတြလည္း ေျပာျပခဲ့ပါတယ္တဲ့။


ေမာ္ဒယ္လ္သ႐ုပ္ေဆာင္ မာရီကိုးလ္ဟာ နာဂတိုင္းရင္းသားေတြရဲ႕ က်န္းမာေရးကို အေလးထားတဲ့အတြက္ ေဆးဝါးနဲ႕ စားနပ္ရိကၡာေတြကို သြားေရာက္လႉဒါန္းေနတာ ေတြ႕ရပါတယ္။ သူမကိုယ္တိုင္ကလည္း နာဂတိုင္းရင္းသူေလး တစ္ေယာက္ျဖစ္ပါတယ္။‘’အခုလ ၂၄ ရက္ေန႕က စတင္ၿပီး ကြၽန္မ မာရီကိုးလ္ ဦးေဆာင္တဲ့ အဖြဲ႕ဟာ လဟယ္ၿမိဳ႕နယ္ႏွင့္ နန္းယြန္းၿမိဳ႕နယ္ အတြင္းရွိ ေက်း႐ြာေပါင္း ၈ ႐ြာကို ဆန္၊ အဝတ္အထည္မ်ား၊ ဒုံဟီးၿမိဳ႕နယ္၊ လဟယ္ၿမိဳ႕နယ္၊ နန္းယြန္းၿမိဳ႕နယ္အတြက္ ေဆးဝါးမ်ား၊ ကေလးငယ္မ်ားအတြက္ ထီး၊ မိုးကာအက်ႌ၊ ေက်ာပိုးလြယ္အိတ္မ်ား လႉဒါန္းခဲ့ၿပီး တစ္ကိုယ္ေရ သန႔္ရွင္းေရးႏွင့္ ပတ္သက္သည့္ အသိပညာေပးလုပ္ငန္းမ်ား လုပ္ေဆာင္ေပးခဲ့ပါတယ္’’ ဆိုၿပီးေတာ့ ဇူလိုင္လ ၂၇ ရက္ေန႕ မနက္ ေစာေစာ ၁၂ နာရီ ၅၁ မိနစ္က သူ႕ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

မာရီကိုးလ္ရဲ႕ သူငယ္ခ်င္းျဖစ္သူ သ႐ုပ္ေဆာင္ ခင္သဇင္ကလည္း လိုအပ္တဲ့ေဆးဝါးေတြကို ကုမၼဏီေတြနဲ႕ ခ်ိတ္ဆက္ၿပီး လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။ လက္ရွိမွာလည္း နာဂေဒသရဲ႕ က်န္းမာေရးအေျခအေနက မေကာင္းၾကဘူးလို႔လည္း Duwun Media ကို ခင္သဇင္က ေျပာျပခဲ့ဖူးပါတယ္။
‘’ ကေလးေတြကဟိုမွာ အရမ္းဖ်ားနာၿပီး အေသအေပ်ာက္လည္းမ်ားၾကေတာ့ မာရီကိုးက ကိုယ္တိုင္သြားမွာေပါ့။ သဇင္ကေတာ့ သတင္းအတိအက်ရေအာင္ လိုအပ္တဲ့ ေဆးဝါးပစၥည္းေလးေတြကို သိခ်င္လို႔ စာရင္းေလးေကာက္ေပးပါလားလို႔ အကူအညီေတာင္းတာေပါ့ေနာ္။ ဒီဘက္ကလည္း အၿမဲလွမ္းပို႔ေပးလို႔ရေအာင္ ပင္တိုင္လႉတဲ့သူရွိရင္ေတာ့ ေကာင္းတာေပါ့ေနာ္။ သဇင္ကေတာ့ အလႉအက်ိဳးေဆာင္ေပါ့ေနာ္။ ဘာပဲေျပာေျပာ ကုမၼဏီတစ္ခုက လႉလိုက္ရင္ ေနာက္ထပ္ ကုမၼဏီေတြကလည္း လႉလို႔ရေအာင္ ေတြးၿပီးေတာ့ အလႉခံတာပါ’’လို႔ သူကဆိုပါတယ္။

မာရီကိုးဟာ နာဂတိုင္းရင္းသူတစ္ေယာက္ျဖစ္ပါတယ္။ သူမဟာ အႏုပညာအလုပ္ကို ဝါသနာပါလြန္းတာေၾကာင့္ ေမာ္ဒယ္သင္တန္းတက္ရင္း အႏုပညာေလာကထဲဝင္ေရာက္လာခဲ့တာျဖစ္ပါတယ္။ တီဗီေၾကာ္ျငာေတြလည္း ရိုက္ကူးထားတာျဖစ္သလို ဗီဒီယိုဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိအားေပးလာခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ပါ။ အခုဆိုရင္လည္း ပရိသတ္အခိုင္အမာ ရရွိလို႔ေနပါၿပီ။

Loading...

[Unicode]
မာရီကိုးလ်ဟာ နာဂတိုင်းရင်းသားတွေအတွက် ဆေးဝါးနဲ့ လိုအပ်တဲ့ အသုံးအဆောင်တွေကို သွားရောက်လှူဒါန်းခဲ့ပြီလို့ဆိုပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိပညာပေးတွေလည်း ပြောပြခဲ့ပါတယ်တဲ့။

မော်ဒယ်လ်သရုပ်ဆောင် မာရီကိုးလ်ဟာ နာဂတိုင်းရင်းသားတွေရဲ့ ကျန်းမာရေးကို အလေးထားတဲ့အတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေကို သွားရောက်လှူဒါန်းနေတာ တွေ့ရပါတယ်။ သူမကိုယ်တိုင်ကလည်း နာဂတိုင်းရင်းသူလေး တစ်ယောက်ဖြစ်ပါတယ်။‘’အခုလ ၂၄ ရက်နေ့က စတင်ပြီး ကျွန်မ မာရီကိုးလ် ဦးဆောင်တဲ့ အဖွဲ့ဟာ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၈ ရွာကို ဆန်၊ အဝတ်အထည်များ၊ ဒုံဟီးမြို့နယ်၊ လဟယ်မြို့နယ်၊ နန်းယွန်းမြို့နယ်အတွက် ဆေးဝါးများ၊ ကလေးငယ်များအတွက် ထီး၊ မိုးကာအကျႌ၊ ကျောပိုးလွယ်အိတ်များ လှူဒါန်းခဲ့ပြီး တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ပါတယ်’’ ဆိုပြီးတော့ ဇူလိုင်လ ၂၇ ရက်နေ့ မနက် စောစော ၁၂ နာရီ ၅၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

မာရီကိုးလ်ရဲ့ သူငယ်ချင်းဖြစ်သူ သရုပ်ဆောင် ခင်သဇင်ကလည်း လိုအပ်တဲ့ဆေးဝါးတွေကို ကုမ္မဏီတွေနဲ့ ချိတ်ဆက်ပြီး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း နာဂဒေသရဲ့ ကျန်းမာရေးအခြေအနေက မကောင်းကြဘူးလို့လည်း Duwun Media ကို ခင်သဇင်က ပြောပြခဲ့ဖူးပါတယ်။
‘’ ကလေးတွေကဟိုမှာ အရမ်းဖျားနာပြီး အသေအပျောက်လည်းများကြတော့ မာရီကိုးက ကိုယ်တိုင်သွားမှာပေါ့။ သဇင်ကတော့ သတင်းအတိအကျရအောင် လိုအပ်တဲ့ ဆေးဝါးပစ္စည်းလေးတွေကို သိချင်လို့ စာရင်းလေးကောက်ပေးပါလားလို့ အကူအညီတောင်းတာပေါ့နော်။ ဒီဘက်ကလည်း အမြဲလှမ်းပို့ပေးလို့ရအောင် ပင်တိုင်လှူတဲ့သူရှိရင်တော့ ကောင်းတာပေါ့နော်။ သဇင်ကတော့ အလှူအကျိုးဆောင်ပေါ့နော်။ ဘာပဲပြောပြော ကုမ္မဏီတစ်ခုက လှူလိုက်ရင် နောက်ထပ် ကုမ္မဏီတွေကလည်း လှူလို့ရအောင် တွေးပြီးတော့ အလှူခံတာပါ’’လို့ သူကဆိုပါတယ်။

မာရီကိုးဟာ နာဂတိုင်းရင်းသူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်ကို ဝါသနာပါလွန်းတာကြောင့် မော်ဒယ်သင်တန်းတက်ရင်း အနုပညာလောကထဲဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ တီဗီကြော်ငြာတွေလည်း ရိုက်ကူးထားတာဖြစ်သလို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိအားပေးလာခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ။ အခုဆိုရင်လည်း ပရိသတ်အခိုင်အမာ ရရှိလို့နေပါပြီ။

LEAVE A REPLY

Please enter your comment!
Please enter your name here