မင်းကြိုက်တယ်ဆိုတာ ဒါမျိုးလားဆိုပြီး အလန်းစားပုံရိပ်တစ်ချို့ကို ချပြလိုက်တဲ့ အိချောပို

0
266
Loading...

[Zawgyi]








Loading...

[Unicode]
အချိုးအစားကျနလှပပြီး၊ အဆီပိုမရှိ ကျစ်လစ်ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး အိချောပိုကတော့ မြန်မာဆန်ဆန်ဝတ်စုံလေးနဲ့ အရမ်းကို လိုက်ဖက်ညီသလို၊ အလန်းစားဖက်ရှင်တွေနဲ့ဆိုရင်လည်း အထာကျလွန်းသူတစ်ဦးပါ။ လတ်တလောမှာတော့ အိချောပိုက ဆိုင်ကယ်တစ်စီးနဲ့ အမိုက်စားရိုက်ကူးထားတဲ့ သူမရဲ့ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မြင်ရသူတွေကို ကြွေဆင်းသွားနိုင်လောက်တဲ့အထိ လန်းလွန်းနေတဲ့ အိချောပိုကတော့ တကယ့်အလန်းစား မိန်းမပျိုလေးပါပဲနော်။



ချစ်ပရိသတ်တွေအတွက် သေချာကြည့်လေ အရမ်းမိုက်လေဖြစ်တဲ့ မင်းသမီးချောလေး အိချောပိုရဲ့အမိုက်စားပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။အိချောပိုကတော့ “မင်းကြိုက်တယ်ဆိုတာ ဒါမျိုးလား…???” ဆိုပြီး အရမ်းကိုလန်းလွန်းနေတဲ့ သူမရဲ့အမိုက်စားပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။



အိချောပိုကတော့ လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေပြီး ပွဲတွေလည်း တောက်လျှောက် တက်ဖြစ်နေတာပါ။ ပရိသတ်တွေ အရမ်းစိတ်ဝင်စားနေကြတဲ့ အိချောပိုရဲ့အချစ်ရေးကတော့ အခုအချိန်အထိကို ငြိမ်သက်နေဆဲပါပဲ။ချစ်ပရိသတ်တွေလည်း အရမ်းကို ဆွဲဆောင်မှုရှိလွန်းစွာ လှနေတဲ့ အိချောပိုကို ချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

LEAVE A REPLY

Please enter your comment!
Please enter your name here