Myanmar Idol ကိုလူစိတ်ဝင်စားမှုပိုရရှိစေခဲ့တဲ့ အန်ကယ်သိန်းတန် ဒိုင်အဖြစ် ပါဝင်ခွင့်မရရှိတော့တဲ့အကြောင်းကို ပြောပြလာခဲ့တဲ့ ကျော်ထက်အောင်ရဲ့အင်တာဗျူးဗီဒီယို

0
205
Loading...

[Zawgyi]








Loading...

[Unicode]
ကျော်ထက်အောင်ကတော့ Myanmar Idolသီချင်းဆိုပြိုင်ပွဲကြီးမှာ အစီအစဉ်တင်ဆက်သူတစ်ယောက်အနေနဲ့ ပရိသတ်ရင်ထဲကိုရောက်ရှိလာတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့ ကျော်ထက်အောင်ဟာ အစီစဉ်တင်ဆက်သူတစ်ယောက်အပြင် သူဝါသနာပါတဲ့ သရုပ်ဆောင်အလုပ်ကိုလည်း ကြိုးစားလုပ်ကိုင်နေတာဖြစ်ပြီး “စရိုက်”ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။


ဒီနှစ်မှာ ကျင်းပပြုလုပ်မဲ့ Myanmar Idol Season(4)မှာ မြန်မာပြည်သိန်းတန်မပါဝင်တော့ဘဲ ဒိုင်အပြောင်းအလဲဖြစ်တာကြောင့် ပရိသတ်တွေကြား ဝေဖန်မငတွေများစွာဖြစ်ပေါ်ခဲ့ပါတယ်။Myanmar Idol ကိုလူစိတ်ဝင်စားမှုပိုရရှိစေခဲ့တဲ့ အန်ကယ်သိန်းတန် ဒိုင်အဖြစ် ပါဝင်ခွင့်မရရှိတော့တဲ့အကြောင်းနဲ့ပတ်သတ်လို့ “Myanmar Idol ကတော့ ကျွန်တော်တို့နိုင်ငံတကာရဲ့ ထုံးစံအတိုင်းပဲပေါ့။ သူများနိုင်ငံတွေဆိုလိုရှိရင် တစ်နှစ်ကို အကုန်လဲရင်လဲပစ်တာပေါ့။အဲ့ဒီလိုပုံစံမျိုးဖြစ်တဲ့ အတွက်ကြောင့် ပြောင်းရတာပေါ့”လို့ ယခုလို ပြောပြခဲ့တာပဲဖြစ်ပါတယ်။



Myanmar Idol Season(2)၊ Season(3)တွေမှာ ဒိုင်အဖြစ်ပါဝင်ဆောင်ရွက်ခဲ့တဲ့ အန်ကယ်ဦးသိန်းတန်နဲ့ အတိုင်အဖောက်ညီစွာ သီချင်းဆိုပြိုင်ပွဲကို တင်ဆက်ခဲ့တဲ့ အကြောင်းနဲ့ပတ်သတ်ပြီးတော့လည်း”အန်ကယ်က မောင်ကျော်ထက်အောင်ဆိုရင် ကျွန်တော်က ဗျာ ဆိုတာလေးက ပေါက်လုံးလေးတစ်ခုဖြစ်သွားတာကြောင့်ပါ”လို့ အန်ကယ်ဦးသိန်းတန်နဲ့ အမှတ်တရလေးတွေကိုပါ ရင်ဖွင့်ခဲ့တာပဲဖြစ်ပါတယ်။CeleGabarပရိသတ်ကြီးရေ Myanmar Idolအစီစဉ်မှာ ဒိုင်ပြောင်းလဲတာနဲ့ပတ်သတ်ပြီး မှတ်ချက်လေးတွေရေးပေးသွားပါဦးနော်။

Source : Exclusive On CeleGabar
Credit.Chilli@CeleGabar

LEAVE A REPLY

Please enter your comment!
Please enter your name here