ရေးမြို့နယ်က ရပ်ကွက်များကို စက်လှေနဲ့သွားပြီး ပိတ်မိသူများကိုကယ်ဆယ်ကာ ထမင်းထုပ်များကိုလည်းဝေပေးခဲ့တဲ့ ဝေဠုကျော်နဲ့အဖွဲ့သားများ

0
28
Loading...

[Zawgyi]








Loading...

[Unicode]
ပရိသတ်ကြီးရေ ပရဟိတမင်းသားကြီး ဝေဠုကျော်ကတော့ ပရဟိတအလုပ်ဆိုရင် ကိုယ်စွမ်းရှိသလောက် စွမ်းစွမ်းတမံပါဝင်ကူညီပေးတဲ့ လေးစားစရာ မင်းသားကြီးတစ်လက်ဖြစ်ပါတယ်။ဝေဠုကျော်ရဲ့ ပရဟိတအလုပ်တွေကိုလည်း ပရိသတ်ကြီးတွေ့မြင်ဖူးမှာဖြစ်ပြီး သက်စွန့်ဆံဖျားထိတောင် ကူညီကယ်ဆယ်ပေးနေတာကိုတွေ့ရပါတယ်နော်။



ယခုလက်တလောမှာတော့ မွန်ပြည်နယ်က ရေးဘေးဒုက္ခနဲ့ကြုံတွေ့နေရပြီး အသေအပျောက်တွေလည်း အရမ်းများလှတာကိုတွေ့နေရပါတယ်နော်။အခုဆိုရင်တော့ ပရဟိတမင်းသားကြီး ဝေဠုကျော်က မွန်ပြည်နယ်ဘက်ကိုသွားရောက်ပြီး ရေဘေးဒုက္ခသည်များကို သွားရောက်ကယ်ဆယ်နေပါတယ်။ပေါင်မြို့နယ် သဲဖြူကျွန်းကျေးရွာမှာလည်း တောင်ပြို၍ လူနေအိမ်များ ကားများပိပြီး လူ၅၀ကျော်ထိသေခဲ့ရပါတယ်နော်



ဒီနေ့မှာလည်း ဝေဠုကျော်က နေ့လည်မှာရေးမြို့ကိုရောက်တာနဲ့ရေနစ်မြှုပ်လျှက်ရှိတဲ့ရေးမြို့ရပ်ကွက်၁၀ရပ်ကွက်ကို ကိုဝေဠုကျော်နဲ့အဖွဲ့သားတွေကစက်လှေဖြင့်တစ်ရပ်ကွက်ချင်းလှည့်လည်ကာ ပိတ်မိနေသူများကိုသွားရောက်ကယ်ဆယ်ခဲ့တာကိုတွေ့ရပါတယ်။ထမင်းထုတ်လိုအပ်သူများကိုလဲထမင်းထုတ်များလိုက်လံဝေပေးခဲ့ပါတယ်နော်။ဝေဠုကျော်ပရဟိတအသင်းနဲ့အတူ တခြားကူညီနေကြတဲ့လူတွေလည်း မိုးထဲလေထဲမှာ အသက်ကိာမငဲ့ဘဲ ကယ်ဆယ်နေကြတာကိုတွေ့လို့ အရမ်းပဲလေးစားမိပြီး ဒီအန္တရာယ်မှ မြန်မြနွကင်းဝေးအောင်လည်း ဆုတောင်းပေးလိုက်ပါတယ်နော်။
Source:Wai Lu Kyaw Foundation/စိုင်းနေမျိုး မောင်မောင်

LEAVE A REPLY

Please enter your comment!
Please enter your name here