မြင်သူတိုင်းရင်မှာအေးသွားစေမယ့် ဖက်ရှင်ရိုးရိုးလေးနဲ့ ဆွဲဆောင်မှုတွေပိုနေတဲ့ သင်ဇာဝင့်ကျော်

0
99
Loading...

[Zawgyi]











Photo:Nat Min Tun

Loading...

[Unicode]
ပရိသတ်တွေရဲ့အသည်းကျော်လေး သင်ဇာဝင့်ကျော်ကတော့ အနုပညာနယ်ပယ်မှာ ယုံကြည်မှုအပြည့်နဲ့လျှောက်လှမ်းနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။သင်ဇာဝင့်ကျော်က ဟိုးအရင်တစ်ခေတ်ကတည်းက အရမ်းလှတဲ့မျက်လုံးလေးကြောင့် အရမ်းရေပန်းစားခဲ့ပြီး အခုခေတ်မှာလည်း ဘယ်သူနဲ့မှမတူတဲ့ဖက်ရှင်ဒီဇိုင်းတွေနဲ့ စွဲမက်စရာအလှအပတွေကြောင့် ပုရိသတွေရဲနှလုံးသားကို ဗရမ်းဗတာဖြစ်သွားအောင်ပြုစားနိုင်တဲ့ နတ်သမီးလေးတစ်ပါးပါနော်။





သင်ဇာကတော့ ဖိတ်ကြားတဲ့ပွဲအခမ်းအနားတွေကိုလည်းတက်ရောက်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာကိုတွေ့ရပါတယ်နော်။သင်ဇာပါဝင်သရုပ်ဆောင်ထားတဲ့Crushရုပ်ရှင်ဇာတ်ကားကြီးက မကြာခင်မှာရုံတင်တော့မှာဖြစ်ပြီး သင်ဇာ့ရဲ့သရုပ်ဆောင်ချက်အိုင်တင်တွေနဲ့ ညှို့အားပြင်းတဲ့အလှအပတွေကို ပရိသတ်ကြီးလည်းအားပေးကြပါဦးနော်။





သင်ဇာရဲ့ အရင်လတွေတုန်းက ပွဲတက်ဖက်ရှင်တွေက အတွင်းသားအလှတွေကို အတိုင်းသားတွေ့မြင်နေရလို့ အများကြားမှာထင်းခနဲတွေ့မြင်ရပါတယ်။အခုရက်ပိုင်းတွေမှာတော့ သင်ဇာက Sexyဆန်တာတွေရိုးလာတာကြောင့် လုံလုံခြုံခြုံလေးနဲ့ဆွဲဆောင်မှုရှိစွာဝတ်ဆင်နေတာကိုတွေ့ရပါတယ်နော်။အခုဆိုရင်လည်းV-KOOL Sticker & CERAMIC PRO Car Coating ရဲ့ဖိတ်ကြားတဲ့ပွဲအခမ်းအနားလေးကို မြင်သူတိုင်းရင်မှာအေးသွားစေမယ့် ဖက်ရှင်ရိုးရိုးလေးနဲ့ တက်ရောက်လာတဲ့ပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ပါတယ်နော်။
Source:Thin Zar Wint Kyaw
Photo:Nat Min Tun

LEAVE A REPLY

Please enter your comment!
Please enter your name here