ခြၽတ္စြပ္တူလြန္းတဲ့ ပုံတူပန္းခ်ီကားခ်ပ္ႀကီးနဲ႔အတူ အိမ္အထိလာၿပီး Surprise လုပ္ခံလိုက္ရလို အံ့ၾသဝမ္းသာသြားခဲ့တဲ့ ေနတိုး

0
24
Loading...

[Zawgyi]
ပရိသတ္ေတြရဲ႕အခ်စ္ေတြကို အျပည့္အဝသိမ္းပိုက္ထားၿပီး ေအာင္ျမင္ေက်ာ္ၾကားတဲ့ ထိပ္တန္းအႏုပညာရွင္မင္းသားအျဖစ္ ရပ္တည္ေနတဲ့ အကယ္ဒမီမင္းသားေခ်ာေနတိုးကေတာ့ သူ႕ရဲ႕ ပီျပင္ပိုင္နိုင္လြန္းတဲ့ သ႐ုပ္ေဆာင္ကြၽမ္းက်င္မႈေတြနဲ႕အတူ ဇာတ္ကားေတြ ဆက္တိုက္ရိုက္ကူးေနပါတယ္ေနာ္..။
အခ်စ္ေတာ္ မင္းသားေခ်ာေလး ေနတိုးကေတာ့ အႏုပညာအလုပ္ေတြကို စိတ္ပါဝင္စားနဲ႕ အၿမဲလုပ္ေဆာင္တတ္ၿပီး အဘက္ဘက္ကေန ထူးခြၽန္သူမို႔ စြယ္စုံရမင္းသားေခ်ာအျဖစ္ ပရိသတ္ေတြရဲ႕ ရင္ထဲ အခိုင္အမာေနရာယူထားတဲ့ သဘာဝမင္းသားပဲျဖစ္ပါတယ္ေနာ္..။





ေယာကၤ်ားပီသၿပီး ဆြဲေဆာင္မႈရွိသလို စိတ္ထားေကာင္းမြန္ျပည့္ဝၿပီး ပေရာ္ဖက္ရွင္နယ္ ပီသမႈေတြေၾကာင့္ ပရိသတ္ေတြရဲ႕ အခ်စ္ေတြအျပင္ အႏုပညာရွင္ေလာကသားေတြကပါ ေလးစားခ်စ္ခင္ၾကတဲ့ ေနတိုးကေတာ့ အခုတစ္ခါမွာလည္း ေနအိမ္အထိလာၿပီး Surprise လုပ္ခံလိုက္ရျပန္တာ ေတြ႕ရပါတယ္ေနာ္..။“အထက္တန္းစား” ႐ုပ္ရွင္ဇာတ္ကားႀကီးထဲက သူရဲ႕ ကာရိုက္တာနဲ႕ တစ္ပုံစံတည္း ခြၽတ္စြပ္တူတဲ့ ပုံတူပန္းခ်ီကားႀကီးနဲ႕အတူ အိမ္အထိ Surprise လာလုပ္ၾကတဲ့ အႏုပညာရွင္မ်ားေၾကာင့္ အံ့ၾသဝမ္းသာသြားခဲ့ၿပီး အမွတ္တရပုံရိပ္ေလးေတြလည္း ရိုက္ကူးခဲ့ၾကတာ ေတြ႕ရပါတယ္ေနာ္..။




LUCKY SMILE ႐ုပ္ရွင္ထုတ္လုပ္ေရး ပရိုဂ်ဴဆာတို႔နဲ႕အတူ သ႐ုပ္ေဆာင္ျပည့္ၿဖိဳးနဲ႕ ေဇာ္ေဇာ္ေအာင္တို႔က Surprise လုပ္ခဲ့ၾကတာ ျဖစ္ၿပီး “အထက္တန္းစား” ႐ုပ္ရွင္ကားႀကီးထဲက ေနတိုးရဲ႕ ကာရိုက္တာျဖစ္တဲ့ ကႏၷာစီး ဦးေအာင္စည္ရဲ႕ ပုံတူပန္ခ်ီကားႀကီးနဲ႕အတူ Surprise လုပ္ရင္း အမွတ္တရရိုက္ကူးခဲ့ၾကတဲ့ ေပ်ာ္စရာ ပုံရိပ္ေလးေတြကိုလည္း ေနတိုးရဲ႕ ခ်စ္ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္..။ပရိသတ္ႀကီးရဲ႕ မလုပ္ဖူးတဲ့ ကာရိုက္တာအသစ္ေတြနဲ႕ ပထမဆုံးျမင္ေတြ႕ရမယ့္ ေနတိုးရဲ႕ “အထက္တန္းစား” ႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့ လာမယ့္ ၾသဂုတ္(၂၂)ရက္ေန႕မွာ စတင္႐ုံတင္ျပသေတာ့မွာမို႔ အားေပးဝန္းရံၾကဖို႔ အသင့္ပဲ မဟုတ္လား..။
Photo – Pyae Phyo

Loading...

[Unicode]
ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝသိမ်းပိုက်ထားပြီး အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်းအနုပညာရှင်မင်းသားအဖြစ် ရပ်တည်နေတဲ့ အကယ်ဒမီမင်းသားချောနေတိုးကတော့ သူ့ရဲ့ ပီပြင်ပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်ကျွမ်းကျင်မှုတွေနဲ့အတူ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေပါတယ်နော်..။
အချစ်တော် မင်းသားချောလေး နေတိုးကတော့ အနုပညာအလုပ်တွေကို စိတ်ပါဝင်စားနဲ့ အမြဲလုပ်ဆောင်တတ်ပြီး အဘက်ဘက်ကနေ ထူးချွန်သူမို့ စွယ်စုံရမင်းသားချောအဖြစ် ပရိသတ်တွေရဲ့ ရင်ထဲ အခိုင်အမာနေရာယူထားတဲ့ သဘာဝမင်းသားပဲဖြစ်ပါတယ်နော်..။




ယောင်္ကျားပီသပြီး ဆွဲဆောင်မှုရှိသလို စိတ်ထားကောင်းမွန်ပြည့်ဝပြီး ပရော်ဖက်ရှင်နယ် ပီသမှုတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တွေအပြင် အနုပညာရှင်လောကသားတွေကပါ လေးစားချစ်ခင်ကြတဲ့ နေတိုးကတော့ အခုတစ်ခါမှာလည်း နေအိမ်အထိလာပြီး Surprise လုပ်ခံလိုက်ရပြန်တာ တွေ့ရပါတယ်နော်..။“အထက်တန်းစား” ရုပ်ရှင်ဇာတ်ကားကြီးထဲက သူရဲ့ ကာရိုက်တာနဲ့ တစ်ပုံစံတည်း ချွတ်စွပ်တူတဲ့ ပုံတူပန်းချီကားကြီးနဲ့အတူ အိမ်အထိ Surprise လာလုပ်ကြတဲ့ အနုပညာရှင်များကြောင့် အံ့သြဝမ်းသာသွားခဲ့ပြီး အမှတ်တရပုံရိပ်လေးတွေလည်း ရိုက်ကူးခဲ့ကြတာ တွေ့ရပါတယ်နော်..။




LUCKY SMILE ရုပ်ရှင်ထုတ်လုပ်ရေး ပရိုဂျူဆာတို့နဲ့အတူ သရုပ်ဆောင်ပြည့်ဖြိုးနဲ့ ဇော်ဇော်အောင်တို့က Surprise လုပ်ခဲ့ကြတာ ဖြစ်ပြီး “အထက်တန်းစား” ရုပ်ရှင်ကားကြီးထဲက နေတိုးရဲ့ ကာရိုက်တာဖြစ်တဲ့ ကန္နာစီး ဦးအောင်စည်ရဲ့ ပုံတူပန်ချီကားကြီးနဲ့အတူ Surprise လုပ်ရင်း အမှတ်တရရိုက်ကူးခဲ့ကြတဲ့ ပျော်စရာ ပုံရိပ်လေးတွေကိုလည်း နေတိုးရဲ့ ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။ပရိသတ်ကြီးရဲ့ မလုပ်ဖူးတဲ့ ကာရိုက်တာအသစ်တွေနဲ့ ပထမဆုံးမြင်တွေ့ရမယ့် နေတိုးရဲ့ “အထက်တန်းစား” ရုပ်ရှင်ဇာတ်ကားကြီးကတော့ လာမယ့် သြဂုတ်(၂၂)ရက်နေ့မှာ စတင်ရုံတင်ပြသတော့မှာမို့ အားပေးဝန်းရံကြဖို့ အသင့်ပဲ မဟုတ်လား..။
Photo – Pyae Phyo

LEAVE A REPLY

Please enter your comment!
Please enter your name here