ရေတွေနည်းနည်းကျသွားပြီးကယ်ဆယ်မှုအပြီးမှာတော့ လမ်းဘေးမှာတင် ထမင်းဝိုင်းဖွဲ့စားခဲ့ကြတဲ့ ဝေဠုကျော်နဲ့အဖွဲ့သားများ

0
28
Loading...

[Zawgyi]










Loading...

[Unicode]
ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသားကြီးဝေဠုကျော်ကတော့ အနုပညာအလုပ်တွေလည်းလုပ်ဆောင်ရင်း ပရဟိတအလုပ်ကိုလည်း စွမ်းစွမ်းတမံလုပ်ဆောင်နေတာကိုတွေ့ရပါတယ်နော်။ဝေဠုကျော်ဟာဆိုရင် ဝေဠုကျော်ဖောင်ဒေးရှင်းကိုတည်ထောင်ထားပြီး အမြို့မြို့ အနယ်နယ်က အကူအညီလိုအပ်နေတဲ့နေရာတွေကို ကိုယ်တိုင်သွားရောက်ပြီး လိုအပ်တဲ့အကူအညီတွေကိုနှစ်စဉ်နှစ်တိုင်းပေးနေတာကိုတွေ့ရပါတယ်နော်။




ဝေဠုကျော်ကတော့ မင်းသားတစ်ယောက်ဖြစ်ပေမယ့်လည်း မာန်မာနကင်းမဲ့ပြီး လူသားချင်းစာနာသနားတတ်တဲ့စိတ်ထားလေးကြောင့် ပရဟိတအလုပ်တွေကိုလုပ်ဆောင်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ဝေဠုကျော်နဲ့အဖွဲ့သားတွေက မွန်ပြည်နယ်ရေဘေးဒုက္ခသည်တွေအတွက် လိုအပ်တဲ့အကူအညီတွေကိုပေးလို့ရအောင် ပစ္စည်းအစုံအလင်နဲ့သွားရောက်ကယ်ဆယ်နေကြတာကိုတွေ့ရပါတယ်နော်။




ဝေဠုကျော်နဲ့အဖွဲ့သားတွေက မိုးထဲလေထဲမှာ အသက်ကိုမငဲ့ဘဲ ပြည်သူတွေဘေးကင်းလုံခြုံဖို့အတွက် ဦးတည်ပြီး တတ်နိုင်သလောက်ကူညီခဲ့ကြပါတယ်နော်။အခုဆိုရင်တော့ ဝေဠုကျော်တို့က “မနေ့က မွန်ပြည်နယ် ရေးမြို့ ကျောင်းရွာ၊မာန်အောင်ရွာ၊ဟဂံရွာ ရေဘေး ကူညီကယ်ဆယ်မှုခရီးစဉ်မှ အမှတ်တရ ထမင်းဝိုင်း”ဆိုကာ ရေတွေကျသွားပြီး နည်းနည်းအေးချမ်းသွားချိန်မှာတော့ လမ်းဘေးမှာတင် ပျော်ပျော်ပါးပါးထမင်းဝိုင်းဖွဲ့စားခဲ့ကြတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။
Source:Wai Lu Kyaw Foundation

LEAVE A REPLY

Please enter your comment!
Please enter your name here