သားေလးမိုးေအာင္ရင္ရဲ႕ေမြးေန႔မွာ သားအေပၚထားရွိတဲ့ ရင္တြင္းခံစားခ်က္ေတြကို ထုတ္ေျပာျပလာတဲ့ ေဖေဖေအာင္ရင္

0
17
Loading...

[Zawgyi]
ယေန႕ၾသဂုတ္လ (၁၃) ရက္ေန႕ကေတာ့ ျပည္သူခ်စ္ သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ မင္းသားေခ်ာ မိုးေအာင္ရင္ရဲ႕ ေမြးေန႕ရက္ျမတ္ေလးပဲ ျဖစ္ပါတယ္။ မိုးေအာင္ရင္ဟာဆိုရင္ မူးယစ္ေဆးဝါးလက္ဝယ္ေတြ႕ရွိသုံးစြဲမႈနဲ႕ ေထာင္ဒဏ္က်ခံခဲ့ရၿပီး မၾကာေသးခင္ကမွ ျပန္လည္လြတ္ေျမာက္လာခဲ့တာ ျဖစ္ပါတယ္။ အခုဆိုရင္ မိုးေအာင္ရင္က စိတ္သစ္လူသစ္နဲ႕ ဘဝသစ္တစ္ခုကို တည္ေဆာက္ထားၿပီး အႏုပညာအလုပ္ေတြကိုလည္း လုပ္ကိုင္ေနၿပီ ျဖစ္ပါတယ္။





ဒီေန႕မွာက်ေရာက္တဲ့ မိုးေအာင္ရင္ရဲ႕ ေမြးေန႕ရက္ျမတ္ေလးအတြက္လည္း ပရိသတ္ေတြနဲ႕ အႏုပညာရွင္ေတြက ေမြးေန႕ဆုေတာင္းစကားဆိုထားသလို ေဖေဖေအာင္ရင္ကလည္း ဆုေတာင္းေပးထားပါတယ္။ မိုးေအာင္ရင္ရဲ႕ဖခင္ျဖစ္တဲ့ ေအာင္ရင္ကေတာ့ သားေလးရဲ႕ေမြးေန႕မွာ ရင္တြင္းခံစားခ်က္အခ်ိဳ႕ကို ေျပာျပလာခဲ့တာ ျဖစ္ပါတယ္။ ေအာင္ရင္က သူ႕သားေလးအေပၚမွာထားရွိတဲ့ ေမတၱာတရားေတြကို ေဖာ္ျပထားၿပီး သားေလးရဲ႕ငယ္ဘဝပုံေလးကိုလည္း တင္ထားတာ ျဖစ္ပါတယ္။




ေအာင္ရင္က ” Happy Birthday my son lay အသက္ ၁ ႏွစ္ပိုႀကီးလာေပမဲ့ အေဖနဲ႕အေမ စိတ္ထဲမွာေတာ့ သားငယ္ငယ္ေလးတုန္းက ခ်စ္ခဲ့သလိုအခုလည္းခ်စ္ေနတုန္းပဲသားေရ စိတ္ခ်မ္းသာကိုယ္က်န္းမာအၿမဲရွိပါေစ ခ်စ္တဲ့ေဖေဖနဲ႕ေမေမ ” ဆိုၿပီး သားေလးအတြက္ ေမြးေန႕ဆုေတာင္းေပးထားတာ ျဖစ္ပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြလည္း မင္းသားေခ်ာေလး မိုးေအာင္ရင္အတြက္ ေမြးေန႕ဆုေတာင္းစကားေလးေတြ ေျပာၾကားေပးခဲ့ၾကပါဦးေနာ္။
Source:Aung Yin;

Loading...

[Unicode]
ယနေ့သြဂုတ်လ (၁၃) ရက်နေ့ကတော့ ပြည်သူချစ် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းသားချော မိုးအောင်ရင်ရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ မိုးအောင်ရင်ဟာဆိုရင် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသုံးစွဲမှုနဲ့ ထောင်ဒဏ်ကျခံခဲ့ရပြီး မကြာသေးခင်ကမှ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် မိုးအောင်ရင်က စိတ်သစ်လူသစ်နဲ့ ဘဝသစ်တစ်ခုကို တည်ဆောက်ထားပြီး အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။




ဒီနေ့မှာကျရောက်တဲ့ မိုးအောင်ရင်ရဲ့ မွေးနေ့ရက်မြတ်လေးအတွက်လည်း ပရိသတ်တွေနဲ့ အနုပညာရှင်တွေက မွေးနေ့ဆုတောင်းစကားဆိုထားသလို ဖေဖေအောင်ရင်ကလည်း ဆုတောင်းပေးထားပါတယ်။ မိုးအောင်ရင်ရဲ့ဖခင်ဖြစ်တဲ့ အောင်ရင်ကတော့ သားလေးရဲ့မွေးနေ့မှာ ရင်တွင်းခံစားချက်အချို့ကို ပြောပြလာခဲ့တာ ဖြစ်ပါတယ်။ အောင်ရင်က သူ့သားလေးအပေါ်မှာထားရှိတဲ့ မေတ္တာတရားတွေကို ဖော်ပြထားပြီး သားလေးရဲ့ငယ်ဘဝပုံလေးကိုလည်း တင်ထားတာ ဖြစ်ပါတယ်။




အောင်ရင်က ” Happy Birthday my son lay အသက် ၁ နှစ်ပိုကြီးလာပေမဲ့ အဖေနဲ့အမေ စိတ်ထဲမှာတော့ သားငယ်ငယ်လေးတုန်းက ချစ်ခဲ့သလိုအခုလည်းချစ်နေတုန်းပဲသားရေ စိတ်ချမ်းသာကိုယ်ကျန်းမာအမြဲရှိပါစေ ချစ်တဲ့ဖေဖေနဲ့မေမေ ” ဆိုပြီး သားလေးအတွက် မွေးနေ့ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း မင်းသားချောလေး မိုးအောင်ရင်အတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောကြားပေးခဲ့ကြပါဦးနော်။
Source:Aung Yin;

LEAVE A REPLY

Please enter your comment!
Please enter your name here