ကိုရီးယားမင်းသား Ryu Sang Wook နဲ့ အတူတူ ရင်းရင်းနှီးနှီးညစာစားခဲ့တဲ့ ဝတ်မှုံရွှေရည်

0
165
Loading...

ပရိသတ်တွေ ချစ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေသူလေးပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က လတ်တလောမှာလည်း ကိုရီးယား – မြန်မာ နှစ်နိုင်ငံ ပူးပေါင်းရိုက်ကူးတဲ့ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်တော့မှာပဲ ဖြစ်ပါတယ်။ ထို ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးဖို့အတွက် ဝတ်မှုံရွှေရည်က သူမရဲ့ မိခင်နဲ့အတူတူ ကိုရိးယားကို ရောက်ရှိနေတာ ဖြစ်ပါတယ်။


ကိုရီးယားမှာ ဝတ်မှုံရွှေရည်က မင်းသားလေး Ryu Sang Wook တို့နဲ့ အတူတူ ရင်းရင်းနှီးနှီး ညစာစားခဲ့ကြပါတယ်။ပရိသတ်တွေအတွက် ဝတ်မှုံရွှေရည်တို့ အဖွဲ့သားတွေရဲ့ ပုံရိပ်တွေကို မျှဝေလိုက်ပါတယ်နော်။

“တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးကို Big 5 Production နှင့် JBJ Entertainment တို့ ပူးပေါင်းရိုက်ကူးမှာဖြစ်ပြီး ဒါရိုက်တာအဖြစ် အကယ်ဒမီ ဇင်ယော်မောင်မောင်က ရိုက်ကူးမှာပဲ ဖြစ်ပါတယ်။ တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ ကိုရီးယားမင်းသား Ryu Sang Wook နဲ့အတူတူ ဝတ်မှုံရွှေရည်၊ ကျော်ထက်အောင်နဲ့ အခြားသော အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ ကြိုစားပြီးတော့ ကိုရီးယားလူမျိုးတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်တွေ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိလာရင်လည်း အားပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here