” မွေးနေ့အမှတ်တရအဖြစ် ရှုတင်အဖွဲ့သားအားလုံးကို ပိုက်ဆံတွေဝေနေတဲ့ ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး) ရဲ့ Video “

0
151
Loading...

[Unicode]
ဒီနေ့ဟာ ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး) ရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပါတယ်။ မွေးနေ့ အလှူအဖြစ်နဲ့ ကိုဇော်တစ်ယောက် ရှုတင်အဖွဲ့သား အားလုံးကို တစ်ယောက် ငွေကျပ် ၅၀၀၀ စီ ဝေပေးခဲ့တာပဲဖြစ်ပါတယ်။ အားလုံးနဲ့လည်း ထပ်တူပျော်ရွှင်တဲ့ ပီတိအပြုံးတွေနဲ့ ချစ်ဖို့ကောင်းတဲ့ ဒါရိုက်တာကြီးပါပဲ။ ဒီလိုပျော်စရာအခိုက်အတန့်လေးကို မခိုင်လေး တစ်ယောက် Live လွှင့်ပြသခဲ့တာပဲဖြစ်ပါတယ်။ Happy Birthday ပါ ဒါရိုက်တာကြီးရေ။



ဒီလိုကြည်နူးစရာ အခိုက်အတန့်လေးကို မခိုင်လေးနဲ့ မအေးသောင်းတို့နှစ်ယောက်ပြိုင်တူ Live လွှင့်နေခဲ့ကြပါသေးတယ်။ မေမြို့မှာ ” ပြုံးချို ” ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနေကြ တာဖြစ်ပြီး အားလုံးသိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်နေကြပုံလေးတွေက ကြည်ရှုသူတွေပါ ထပ်တူပျော်ရွှင်ကြည်နူး ခဲ့ရပါတယ်။ ဇာတ်ပို့သရုပ်ဆောင်တွေကလည်း မုန့်ဖိုးရလို့ ပျော်ရွှင်နေကြပြီး ဒါရိုက်တာကြီးကလည်း ပီတိတွေနဲ့ အရမ်းပျော်စရာကောင်းတဲ့ အခိုက် အတန့်လေးပါပဲ။



မနက်ဖြန်မှာလည်း မအေးသောင်းနဲ့အတူတူ Live လွှင့်ပေးမယ်လို့ ပြောခဲ့ပါသေးတယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်တွေအနေနဲ့ မြင့်မြတ်၊ မခိုင်လေး၊ မအေးသောင်းနဲ့ စမိုင်လ်းတို့အပြင် ခင်လှိုင်လည်းပါဝင်ခဲ့ပြီး ရသစုံခံစားရမယ့်ဇာတ်ကားလေးဖြစ်မယ့်ပုံစံ ပါပဲ ပရိသတ်ကြီးရေ။ ဇာတ်ဆင်ပေါ်မှာ အငြိမ့်သမတွေအဖြစ် သရုပ်ဖော်မှာပဲဖြစ်ပါ တယ်။ အမြဲတမ်းသွက်သွက်လက်လက်နဲ့ ချစ်စရာကောင်းတဲ့ မခိုင်လေး တစ်ယောက် ဒါရိုက်တာကြီးရဲ့မွေးနေ့အမှတ်တရလေးကို မှတ်တမ်းတင်ထားတာပဲဖြစ်ပါတယ်။
Photo – Khine Thin Kyi

Loading...

[Zawgyi]





Photo – Khine Thin Kyi

LEAVE A REPLY

Please enter your comment!
Please enter your name here