ပရိသတ္ေတြနဲ႕ ေတြ႕ဆုံဖို႔ စီစဥ္ေနတဲ့ သက္မြန္ျမင့္

0
128
Loading...

[Unicode Version]
အနုပညာ နှစ်(၂၀) ခရီးမှာ ပထမဆုံးလုပ်ဖြစ်တဲ့ Fan meeting လေးဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ တွေ့ဆုံရတော့မှာမို့ သက်မွန်တစ်ယောက် ရင်တွေခုန်နေပါပြီတဲ့။
ပရိသတ်တွေရဲ့ အချစ်တော်လေး သက်မွန်မြင့်က မကြာခင်မှာ သူမရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်လို့နေပါတယ်။ သူမရဲ့ အနုပညာခရီးလမ်း နှစ်(၂၀)အတွင်း ပရိသတ်တွေနဲ့ ပထမဆုံး တွေ့ဆုံတဲ့ ပွဲလေး ဖြစ်တယ်လို့ ဆိုပါတယ်။


“အိပ်မက်မက်သလိုပါပဲ ဒါပေမဲ့ တကယ် ဖြစ်လာခဲ့ပြီ။ ရင်တွေလည်း ခုန်နေပါပြီ။ နှစ် ၂၀ ခရီးမှာ ပထမဆုံးလုပ်ဖြစ်တဲ့ ချစ်သူတွေ တွေ့ဆုံပွဲ ပျော်စရာကောင်းတဲ့ အမှတ်တရကျန်ရစ်မယ့်တွေ့ဆုံပွဲလေး ဖြစ်ပါစေလို့.. “ လို့ သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇွန်လ(၁၂) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

သူမရဲ့ ပရိသတ်တွေကလည်း သူမနဲ့တွေ့ဆုံရတော့မှာမို့ ပျော်နေကြပါတယ်။ ချစ်သက်လေးနဲ့ တွေ့ဆုံမယ့် ရက်လေးကို စောင့်မျှော်နေတယ်ဆိုပြီး သူမရဲ့ ပို့စ်အောက်မှာမှတ်ချက်တွေ ပေးထားကြပါတယ်။
သက်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမချစ်တဲ့အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။ အကယ်ဒမီ သက်မွန် ကတော့၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

သက်မွန်မြင့်ဟာ ၂၀၁၀ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ‘’အာဒံရယ် ဧဝရယ် ဒဿရယ် ‘’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပထမဆုံး အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ‘’ ချစ်လှစွာသော အမုန်း’’ ဇာတ်ကားနဲ့ ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။

Loading...

[Zawgyi Version]
အႏုပညာ ႏွစ္(၂၀) ခရီးမွာ ပထမဆံုးလုပ္ျဖစ္တဲ့ Fan meeting ေလးျဖစ္ပါတယ္။ ပရိသတ္ေတြနဲ႕ ေတြ႕ဆံုရေတာ့မွာမို႕ သက္မြန္တစ္ေယာက္ ရင္ေတြခုန္ေနပါၿပီတဲ့။

Photo : သက္မြန္ျမင့္

ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ေလး သက္မြန္ျမင့္က မၾကာခင္မွာ သူမရဲ႕ ပရိသတ္ေတြနဲ႕ ေတြ႕ဆံုဖို႕ စီစဥ္လို႕ေနပါတယ္။ သူမရဲ႕ အႏုပညာခရီးလမ္း ႏွစ္(၂၀)အတြင္း ပရိသတ္ေတြနဲ႕ ပထမဆံုး ေတြ႕ဆံုတဲ့ ပြဲေလး ျဖစ္တယ္လို႕ ဆုိပါတယ္။

“အိပ္မက္မက္သလိုပါပဲ ဒါေပမဲ့ တကယ္ ျဖစ္လာခဲ့ၿပီ။ ရင္ေတြလည္း ခုန္ေနပါၿပီ။ ႏွစ္ ၂၀ ခရီးမွာ ပထမဆုံးလုပ္ျဖစ္တဲ့ ခ်စ္သူေတြ ေတြ႕ဆုံပြဲ ေပ်ာ္စရာေကာင္းတဲ့ အမွတ္တရက်န္ရစ္မယ့္ေတြ႕ဆုံပဲြေလး ျဖစ္ပါေစလို႔.. “ လို႕ သူမရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ဇြန္လ(၁၂) ရက္ေန႕က ေရးသားထားတာေတြ႕ရပါတယ္။

Photo : Amazing Grace

သူမရဲ႕ ပရိသတ္ေတြကလည္း သူမနဲ႕ေတြ႕ဆံုရေတာ့မွာမို႕ ေပ်ာ္ေနၾကပါတယ္။ ခ်စ္သက္ေလးနဲ႕ ေတြ႕ဆံုမယ့္ ရက္ေလးကို ေစာင့္ေမွ်ာ္ေနတယ္ဆိုၿပီး သူမရဲ႕ ပို႕စ္ေအာက္မွာမွတ္ခ်က္ေတြ ေပးထားၾကပါတယ္။

သက္မြန္ျမင့္ဟာ လက္ရွိမွာ မိသားစုကို အခ်ိန္ေပးရင္း သူမခ်စ္တဲ့အႏုပညာအလုပ္ေတြကို လုပ္ကိုင္လ်က္ရွိပါတယ္။ အကယ္ဒမီ သက္မြန္ ကေတာ့၂၀၁၄ခုႏွစ္ ေဖေဖာ္ဝါရီ(၁၄) ရက္ေန႕က ခင္ပြန္းျဖစ္သူ ကိုစစ္ႏိုင္နဲ႕ လက္ထပ္ခဲ့ၿပီး အခုဆုိရင္ သားေလးအားခ်စ္နဲ႕ သမီးေလး လဝန္းေမတို႕နဲဲ႕အတူ ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုဘဝကို ပိုင္ဆိုင္ထားသူလည္း ျဖစ္ပါတယ္။

Photo : Amazing Grace

သက္မြန္ျမင့္ဟာ ၂၀၁၀ ခုႏွစ္အတြက္ အေကာင္းဆုံး အမ်ဳိးသမီးဇာတ္ေဆာင္ ဆုကုိ ‘’အာဒံရယ္ ဧဝရယ္ ဒႆရယ္ ‘’ ရုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ပထမဆုံး အကယ္ဒမီဆုကုိ ဆြတ္ခူးရရွိခဲ့ပါတယ္။ အဲဒီေနာက္ ၂၀၁၆ ခုႏွစ္ အတြက္ အေကာင္းဆုံးအမ်ဳိးသမီး ဇာတ္ေဆာင္ဆုကုိ ‘’ ခ်စ္လွစြာေသာ အမုန္း’’ ဇာတ္ကားနဲ႔ ဒုတိယအႀကိမ္ေျမာက္ ရရွိခဲ့တာျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here