အမျိုးသမီးတွေ လက်မလွှတ်သင့်တဲ့ ပုရိသအမျိုးအစား (၅)မျိုး

0
2119
Loading...

အမျိုးသမီးတွေ လက်မလွှတ်သင့်တဲ့ ပုရိသအမျိုးအစား (၅)မျိုး
အိမ်ထောင်ဘက်အဖြစ်၊ ရွေးချယ်တဲ့အခါမှာ လက်တလော မျက်မြင်တစ်ခုတည်းကို အခြေခံရွေးချယ်တာထက်စာရင် အားသာချက် အားနာချက်တွေကို အတိုင်းအတာတစ်ခုအထိ အချိန်ပေးပြီး လေ့လာသင့်တာ အမှန်ပဲ …. ။ တကယ်လို့ သင်နဲ့ နီးစပ်တဲ့ အမျိုးသားတွေထဲမှာ အောက်ပါအရည်အချင်းတစ်ခု (သို့) တစ်ခုထက်ပိုတဲ့ အမျိုးသားမျိုး တွေ့ခဲ့ရင်တော့ လက်လွတ်မခံသင့်ကြောင်း က အကြံပေးချင်ပါတယ်နော် …. ။

Loading...

(၁) သင့်ရဲ့အချိုးမကျတဲ့ ခန္ဓာကိုယ်ကို တန်ဖိုးထားသူ

အကယ်၍ သင်က ပိန်ကပ်ကပ် ခန္ဓာကိုယ်၊ အရိုးငေါငေါထွက်နေတဲ့ ဘော်ဒီ၊ ၀၀ဖိုင့်ဖိုင့်ဖြစ်နေတဲ့ ဘော်ဒီကို ပိုင်ဆိုင်ထား သူဆိုရင် တစ်ချို့တွေက ဘယ်လောက်ပဲ ကဲ့ရယ်ကြပါစေ၊ တစ်စုံတစ်ယောက်သော အမျိုးသားက ဒီခန္ဓာကိုယ်လေးကိုမှ တွယ်တာနေမိကြောင်း၊ သင် ရိပ်မိသိရှိခဲ့ရင် အဲဒီလို ကောင်လေးကို လက်လွှတ်မခံလိုက်ပါနဲ့ ….. ။

(၂) သင်ငိုတာတွေ့ရင် အလိုလို မျက်ရည်လည်တတ်တဲ့ အမျိုးသား

လူတိုင်း သင့်ခံစားချက်တွေကို အားအားယားယား လိုက်ပြီးခံစားပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအတွက် သင့်မှာ စိုးရိမ်ဖို့ မရှိပါဘူး။ အကြောင်းကတော့ သင့်ရဲ့ခံစားချက်နဲ့ ပြုမူလှုပ်ရှားခြင်းတွေကို အချိန်သက်သက်ပေးပြီး နားလည်နိုင်မယ့် တစ်စုံတစ်ယောက်က ရှိနေမှာပါ။ သင်ရယ်ရင် ရယ်မယ်၊ သင်ပျော်ရင် ပျော်မယ်၊ သင်ငိုရင် သူမျက်ရည်ဝဲမယ် … ဒီလိုယောက်ျားမျိုးဆို အမိသာ ဖက်ထားပေတော့ …. ။

(၃) ဖခင်တစ်ယောက်လို ဦးဆောင်နိုင်သူ

သင့်စိတ်ထဲမှာ အမျိုးသားတွေ အများကြီးကို တစ်ဦးချင်း ယှဉ်ကြည့်တဲ့အခါ သင်လုပ်ဆောင်ရန်ရှိတဲ့ လုပ်ငန်းဆောင်တာတွေ၊ ကိစ္စဝိစ္စတွေ၊ အခက်အခဲတွေကို ဖခင်တစ်ယောက်က အိမ်ထောင်တစ်ခုကို ဖြေရှင်းလုပ်ကိုင်ပေးသလိုမျိုး လုပ်ဆောင်ပေတဲ့ အမျိုးသားတစ်ယောက်ကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရတယ်ဆိုရင်လည်း ဒီလိုလူမျိုးကို သင် လက်မလွှတ်သင့်ပါဘူး …. ။

(၄) ယောက်ျားစစ်စစ် ဖြစ်ရင်

ယောက်ျားစစ်စစ် ဖြစ်ဖြစ်မဖြစ်ကိုတော့ ဒီအတိုင်း အမြင်နဲ့ ဆုံးဖြတ်လိုက်လို့ မရပါဘူး။ သွားစမ်းကြည့်စရာလည်း မလိုပါဘူး။ ဒါပေမယ့် လေ့လာတတ်ဖို့တော့ လိုပါတယ်။ ဥပမာ တစ်စုံတစ်ယောက်သော အမျိုးသားဟာ တာဝန်ယူမှု တာဝန်ခံမှု၊ အမျိုးသမီးတွေအပေါ် ကြင်နာသနားမှု၊ အန္တရာယ်တို့တွေ့တဲ့အခါ ရဲရဲရင်ဆိုင်မှု၊ အားငယ်သူကို အားပေးကူညီမှု၊ လူသားဆန်မှု စတဲ့ အချက်ကလေးတွေနဲ့ ပြည့်စုံနေရင် ဧကန္တ ယောက်ျားအစစ်ပါဘဲနော် …. ။

(၅) မိဘအပေါ် တတ်သိလိမ္မာတဲ့သူ

လူတစ်ယောက်ရဲ့ လူနေမှုစရိုက်ကို သိချင်ရင် သူ့မိဘတွေကို သူ ဘယ်လိုဆက်ဆံသလဲဆိုတာကို သိထားရင် လုံလောက်ပါတယ်။ လူဆိုတာ သူငယ်ချင်းအချင်းချင်းကိုတော့ လူမှုရေးအရ သူတို့ရဲ့ ဆိုးဝါးတဲ့စိတ်ဓာတ်တွေကို ဖုံးကွယ် ဆက်ဆံကြပါတယ်။ ဒါပေမယ့် မိဘကိုတော့ အရှိကိုအရှိတိုင်း ဆက်ဆံကြပါတယ်။ တစ်ချို့က မိဘကို အရမ်းသိ တတ်တယ်။ နေ့စဉ်နဲ့အမျှ ပြုစုစောင့်ရှောက်ရတာကို ဂုဏ်ယူကြတယ်။ ကောင်းကောင်းမွန်မွန်စားစေပြီး၊ ဆေးဝါးစောင့် ရှောက်မှု၊ ကိုယ်ဖိရင်ဖိ ပြုစုမှုတွေမှာ ပျော်ကြပါတယ်။ တစ်ချို့ကျတော့ သူစိမ်းတွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေပေါ်မှာ အလွန်ကောင်းသလောက်၊ မိဘတွေကိုကျတော့ ဓားကြိမ်းကြိမ်းလိုက်၊ ကလော်တုတ်လိုက်၊ ခြိမ်းခြောက်လိုက်စသဖြင့် ဆက်ဆံတတ်ကြပါတယ်။ တစ်ခါတလေ လူကြား သူကြားမှာ ပြန်အော်ပြောတာမျိုးတောင် ရှိတတ်ပါတယ်။ ဒီလိုလူမျိုးဆိုရင်တော့ ရွှေထွက်နေပါစေ ရအောင် ရှောင်သင့်ပါတယ် …… ။

AuntyMay

LEAVE A REPLY

Please enter your comment!
Please enter your name here