
0
138
Loading...


Loading...



ယူနီကုတ်ဖြင့်ဖတ်ရန်

ဘဝရဲ့ပင်ပန်းမူကို လက်မြှောက်အရူံးမပေးဘဲ ခြေထောက်မြှောက်ပြီး ပြုံးနေဆိုတဲ့ မိစန္ဒီ

သူရဲ့ ထူးခြားတဲ့အသံလေးတွေကြောင့် ပရိသတ်တော်တော်များများရဲ့ရင်ထဲကိုရောက်ရှိနေတဲ့ အဆိုတော်တစ်ယောက်လို့ဆိုနိုင်ပါတယ်။ လက်ရှိအဆိုတော်တစ်ယောက်ဖြစ်နေတာတောင် ပရိသတ် ကြောက်တဲ့ အဆိုတော်မလေးတစ်ဦးလည်းဖြစ်ပါတယ်။ ဘဝမှာပင်ပန်းမူတွေ ကြုံလာတဲ့အခါ လက်မြှောက်အရူံးမပေးဘဲ ခြေထောက်မြှောက်ပြီး ပြုံးနေ ပါ ဆိုပြီးတော့ လူရဲ့လူမူကွန်ရက်မှာဖော်ပြထားတာပဲဖြစ်ပါတယ်။

“ဘဝက ဒီလိုပဲ ပင်ပန်းတယ်.. မျှော်လင့်ချက်မဲ့သလိုလဲလိုရာပန်းတိုင်တွေအတွက် မဆုံးသောရုန်းကန်ခြင်းတွေနဲ့.. ပြေးရတယ် လွှားရတယ်..ပင်ပန်း မွမ်းကြပ်လာမယ်..ခံစားလာရတတ်တယ်… အဲ့ဒီအခါကြရင် ငိုစရာရှိငိုချလိုက်..ပြီးရင် အသက်မှန်မှန်ရှူ.. လုပ်စရာရှိတာ စိတ်အေးအေးထား အကောင်းဆုံးဆက်လုပ်… ” ဆိုပြီးတော့ ဘဝကို အရူံးမပေးဘဲ ရှေ့ဆက်တက်ရမယ့် ခြေလှမ်းတွေကို နောက်မဆုတ်မိအောင် သူရဲ့ လူမူကွန်ရက်မှာ ဖော်ပြထားတာပဲဖြစ်ပါတယ်။

“လက်မြှောက် အရှုံးမပေးနဲ့..ခြေထောက်မြှောက်ပြီး အပြုံးလေးနဲ့နေနော်.. ပြီးတော့ အဲ့လို တစ်နေ့ကို ခြေထောက်ကို မိနစ်၂၀လောက်မြှောက်ထားရင် ခန္ဓာကိုယ်အတွက်.. ကျန်းမာရေးအတွက်ကောင်းတယ်ဆိုလား ကြားဖူးတာပဲ “ဆိုပြီးတော့ လည်း ဘဝကို လက်မြှောက်အရူံးမပေးဘဲ ခြေထောက်မြှောက် အရူံးပေးတာ ကျန်းမာရေးအတွက်တောင် ကောင်းသေးတယ် ဆိုပြီးတော့လည်း ဟာသနှောပြီးတော့ သူရဲ့လူမူကွန်ရက်မှာ ဆက်ပြီးတော့ ဖော်ပြထားပါသေးတယ် ။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ဘဝရဲ့ပင်ပန်းမူတွေကိုလက်မြှောက်အရူံးမပေးဘဲ ခြေထောက် မြှောက်အရူံးပေးနေတဲ့ မိစန္ဒီ အတွက်မှတ်ချက်လေး ရေးပေးခဲ့ပါဦး။

LEAVE A REPLY

Please enter your comment!
Please enter your name here