စြယ္ေတာ္ဘုရားဝန္းထဲက ေဗာဓိေညာင္ပင္ ရာဇမတ္ပလႅင္နဲ႔ ေနရာထိုင္ခင္းေတြအတြက္ ပါ၀င္လွဴဒါန္းခဲ့တဲ့ ဆုပန္ထြာ

0
44
Loading...

[Zawgyi]
ဆုပန္ထြာကေတာ့ သ႐ုပ္ေဆာင္ပိုင္းမွာသာမက အဆိုေတာ္ပိုင္းမွာပါ ေအာင္ျမင္ေနတဲ့ အႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။ မပန္ကေတာ့ လတ္တေလာမွာ ေသေလာက္ေအာင္ခ်စ္တယ္ဆိုတဲ့ ေခြေလးနဲ႔ ေအာင္ျမင္မႈရရွိေနတာလည္းျဖစ္ပါတယ္။ အဓိဌာန္ဝင္ၾကသူမ်ား အတြက္ “စြယ္ေတာ္ဘုရား” ဝန္းထဲက “ေဗာဓိေညာင္ပင္ေတာ”ရာဇမတ္ပလႅင္နဲ႔ ေနရာထိုင္အခင္းေတြ လွဴဒါန္းခဲ့တာၿပီးစီးလို႔ ပီတိျဖစ္ေနတာကို သူ႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာမွာ ေဖာ္ျပထားတာျဖစ္ပါတယ္။



“ေဗာဓိေညာင္ပင္ေတာထဲ ေညာင္ပင္( ၁၀) ပင္လုံးရာဇမတ္ပလႅင္ေတြေရာ ေနရာထိုင္အတြက္အခင္းေတြေရာ ေတာ္ေတာ္ႀကီးသြားတာမို႔ အဓိဌာန္လုပ္သူေတြ အေတာ္ေလးအဆင္ေျပေနတာေတြ႕ရေတာ့ အလွဴရွင္အားလုံးကိုယ္စား ပီတိေလးျဖစ္ရပါတယ္။ ဒီေန႔ထိအလွဴရွင္နာမည္ေတြနဲ႔ ကုန္က်စရိတ္၊ က်န္ေငြ အားလုံးစာရင္းေလးရွင္းျပထားပါတယ္။ လွဴၿပီးနာမည္မပါခဲ့ရင္ ပန္ပန႔္ကိုခ်က္ခ်င္းေျပာေပးပါရွင့္။ အားလုံးလက္စသတ္ျပင္ၿပီးသြားရင္ “ေဗာဓိေညာင္ပင္ေတာ” ထဲမွာ ေရစက္ခ်အလွဴေလး လုပ္ၾကပါမယ္ေနာ္။ အလွဴရွင္ေတြအားလုံးကို တစ္ေယာက္မက်န္ႀကိဳဖိတ္ပါမယ္ေနာ္” ဆိုၿပီးေတာ့ သူတို႔လႉခဲ့တဲ့ ေညာင္ပင္ေလးေတြက အဓိဌာန္လုပ္ေနတဲ့ သူေတြအတြက္ အေထာက္အကူျပဳေနတာကို ပီတိျဖစ္ေနတာကို သူ႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာကေန ေဖာ္ျပထားတာျဖစ္ပါတယ္။


“ေဗာဓိေညာင္ပင္ေတာ” ထဲမွာ အားလုံးေပါင္း (၁၂)ပင္ရွိပါတယ္ေနာ္။ ေဗာဓိေညာင္ပင္ (၁၀) ပင္ကေတာ့ ေဗာဓိေညာင္(၁၀)ပင္ အဓိဌာန္ဝင္သူမ်ားေကာင္းမႈနဲ႔ ရာဇမတ္ပလႅင္နဲ႔ ေနရာထိုင္အခင္းေတြ စုေပါင္းလွဴဒါန္းၾကတာမို႔ အခုေတာ္ေတာ္ၿပီးေနပီမို႔ မနက္ကဝင္ၾကည့္တာ ပီတိျဖစ္စရာပါရွင့္” အလွဴေလးၿပီးစီးလို႔ ပီတိျဖစ္ေနတယ္ဆိုတာကို လူမႈကြန္ရက္ စာမ်က္ႏွာမွာ ေဖာ္ျပထားတာျဖစ္ပါတယ္။ ဆယ္လီကမာၻပရိသတ္ႀကီးေရ အလွဴေလးၿပီးခါနီးလို႔ ပီတိျဖစ္ေနတဲ့ ဆုပန္ထြာအတြက္ မွတ္ခ်က္ေလးေရးေပးခဲ့ပါဦး။
credit – celegabar

Loading...

[Unicode]
ဆုပန်ထွာကတော့ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုတော်ပိုင်းမှာပါ အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ မပန်ကတော့ လတ်တလောမှာ သေလောက်အောင်ချစ်တယ်ဆိုတဲ့ ခွေလေးနဲ့ အောင်မြင်မှုရရှိနေတာလည်းဖြစ်ပါတယ်။ အဓိဌာန်ဝင်ကြသူများ အတွက် “စွယ်တော်ဘုရား” ဝန်းထဲက “ဗောဓိညောင်ပင်တော”ရာဇမတ်ပလ္လင်နဲ့ နေရာထိုင်အခင်းတွေ လှူဒါန်းခဲ့တာပြီးစီးလို့ ပီတိဖြစ်နေတာကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားတာဖြစ်ပါတယ်။


“ဗောဓိညောင်ပင်တောထဲ ညောင်ပင်( ၁၀) ပင်လုံးရာဇမတ်ပလ္လင်တွေရော နေရာထိုင်အတွက်အခင်းတွေရော တော်တော်ကြီးသွားတာမို့ အဓိဌာန်လုပ်သူတွေ အတော်လေးအဆင်ပြေနေတာတွေ့ရတော့ အလှူရှင်အားလုံးကိုယ်စား ပီတိလေးဖြစ်ရပါတယ်။ ဒီနေ့ထိအလှူရှင်နာမည်တွေနဲ့ ကုန်ကျစရိတ်၊ ကျန်ငွေ အားလုံးစာရင်းလေးရှင်းပြထားပါတယ်။ လှူပြီးနာမည်မပါခဲ့ရင် ပန်ပန့်ကိုချက်ချင်းပြောပေးပါရှင့်။ အားလုံးလက်စသတ်ပြင်ပြီးသွားရင် “ဗောဓိညောင်ပင်တော” ထဲမှာ ရေစက်ချအလှူလေး လုပ်ကြပါမယ်နော်။ အလှူရှင်တွေအားလုံးကို တစ်ယောက်မကျန်ကြိုဖိတ်ပါမယ်နော်” ဆိုပြီးတော့ သူတို့လှူခဲ့တဲ့ ညောင်ပင်လေးတွေက အဓိဌာန်လုပ်နေတဲ့ သူတွေအတွက် အထောက်အကူပြုနေတာကို ပီတိဖြစ်နေတာကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ဖော်ပြထားတာဖြစ်ပါတယ်။


“ဗောဓိညောင်ပင်တော” ထဲမှာ အားလုံးပေါင်း (၁၂)ပင်ရှိပါတယ်နော်။ ဗောဓိညောင်ပင် (၁၀) ပင်ကတော့ ဗောဓိညောင်(၁၀)ပင် အဓိဌာန်ဝင်သူများကောင်းမှုနဲ့ ရာဇမတ်ပလ္လင်နဲ့ နေရာထိုင်အခင်းတွေ စုပေါင်းလှူဒါန်းကြတာမို့ အခုတော်တော်ပြီးနေပီမို့ မနက်ကဝင်ကြည့်တာ ပီတိဖြစ်စရာပါရှင့်” အလှူလေးပြီးစီးလို့ ပီတိဖြစ်နေတယ်ဆိုတာကို လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားတာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ အလှူလေးပြီးခါနီးလို့ ပီတိဖြစ်နေတဲ့ ဆုပန်ထွာအတွက် မှတ်ချက်လေးရေးပေးခဲ့ပါဦး။
credit – celegabar

LEAVE A REPLY

Please enter your comment!
Please enter your name here