London မြို့က ခမ်းနားတဲ့နေရာတွေမှာ စတိုင်လ်ကျကျ လျှောက်လည်နေတဲ့ အိန္ဒြာကျော်ဇင်

0
55
Loading...

[Zawgyi]








credit – momolay

Loading...

[Unicode]
တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ မင်းသမီးချော အိန္ဒြာကျော်ဇင်က အကယ်ဒမီဆုကြီး နှစ်ဆုကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ကို ပရိသတ်တွေကလည်း ယခုအချိန် တစ်ခဲနက် အားပေးချစ်ခင်ကြတာကို တွေ့ရပါတယ်။ အိန္ဒြာကျော်ဇင်က အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ရင်း သူမရဲ့ သားနဲ့သမီးအတွက် အချိန်ပေးရင်း သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။



အိန္ဒြာကျော်ဇင်က လက်ရှိမှာတော့ သူမရဲ့ချစ်ရတဲ့ မိသားစုတွေနဲ့ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကို အလည်အပတ် ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က သူမရဲ့ ချစ်ပရိသတ်တွေအတွက် လန်ဒန်မြို့မှာ လျှောက်လည်နေတဲ့ ပုံရိပ်တွေကို မျှဝေပေးထားပါတယ်။
အိန္ဒြာကျော်ဇင်က လန်ဒန်နဲ့ မန်ချက်စတာမြို့က အထင်ကရနေရာတွေကို လျှောင်လည်ရင်း ပျော်ရွှင်နေတာကို တွေ့ရပါတယ်။ကလေးနှစ်ယောက်မိခင်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်က လူငယ်တွေတောင် လိုက်မမှီတဲ့စတိုင်လ်နဲ့ ဖက်ရှင်ကျကျ လှနေတာကို တွေ့ရပါတယ်။
အိန္ဒြာကျော်ဇင်က လွန်ခဲ့တဲ့လတွေမှာ “လရဲ့အောက်ဘက် မိုင်အဝေးမှာ”၊ “ဇာတ်လိုက်”၊ “Box 88” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက် ရိုက်ကူးခဲ့တာဖြစ်ပြီး အခုတော့ သားသမီးတွေနဲ့အတူတူ ပျော်ပျော်ပါးပါး လျှောက်လည်နေကြတာ ဖြစ်ပါတယ်။




အိန္ဒြာကျော်ဇင်က လုံလုံခြုံခြုံနဲ့ ခေတ်နဲ့အမီ ဖက်ရှင်ကျကျ ဝတ်စားတတ်တာကြောင့် ပရိသတ်တွေက ဖက်ရှင်ကွင်းလို့ တင်စားခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။
အိန္ဒြာကျော်ဇင်ကတော့ လက်ရှိမှာတော့ အင်္ဂလန်နိုင်ငံမှာ ပျော်ပျော်ရွှင်ရွှင် လျှောက်လည်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိန္ဒြာကျော်ဇင်ရဲ့ လှပတဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
credit – momolay

LEAVE A REPLY

Please enter your comment!
Please enter your name here