“အချစ်ဟာလိုက်လို့ ပြေးတာလား၊ ပြေးလို့လိုက်တာလား” သီချင်းကို သီဆိုခဲ့တဲ့ မြန်မာပြည်သိန်းတန်

0
112
Loading...

[Zawgyi]





CRD-MOMOLAY

Loading...

[Unicode]
စတူဒီယိုခေတ်ကတည်းက ပရိသတ်တွေရဲ့ အားပေးခြင်းကို ခံခဲ့ရတဲ့ တေးသံရှင် မြန်မာပြည်သိန်းတန်က အခုချိန်ထိတိုင် အသံပါဝါကောင်းကောင်းနဲ့ သီချင်းတွေကို သီဆိုနေဆဲ ဖြစ်ပါတယ်။ လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက် အားပေးကြတဲ့ မြန်မာပြည်သိန်းတန်က အခုလက်ရှိမှာလည်း ပွဲအခမ်းအနားတွေမှာ သူ့ရဲ့သီချင်းကောင်းတွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်နေဆဲပဲ ဖြစ်ပါတယ်။

မြန်မာပြည်သိန်းတန်က မနေ့က ဇွန်လ(၂၉) ရက်နေ့က သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းမှာ ကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာပွဲတော်ကြီးမှာ သီချင်းတွေနဲ့ သီဆိုဖျော်ဖြေရင်း ဂုဏ်ပြုပေးခဲ့ပါတယ်။


ထိုပွဲမှာ မြန်မာပြည်သိန်းတန်က တေးသံရှင် ချယ်ရီသင်းရဲ့ နာမည်ကြီးသီချင်းဖြစ်တဲ့ ” ခွင့်လွှတ်ပေးဖို့တောင်းပန်ချင် ” သီချင်းနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ ထိုသီချင်းထဲက သီချင်းစာသားဖြစ်တဲ့ “အချစ်ဟာလိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလား” စာသားက ပရိသတ်တွေကြား တော်တော်လေး ရေပန်းစားခဲ့တာ ဖြစ်ပါတယ်။
ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်- မြန်မာပြည်သိန်းတန်

န်ကယ်မြန်မာပြည်သိန်းတန်ကတော့ ရှေးသီချင်းကြီးတွေသာမက ခေတ်ပေါ်သီချင်းတွေကိုလည်း ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်တဲ့ သမ္ဘာရင့်အဆိုတော်ကြီးတစ်ဦး ဖြစ်ပါတယ်။ပရိသတ်တွေလည်း အန်ကယ်မြန်မာပြည်သိန်းတန် သီဆိုခဲ့တဲ့ ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင် သီချင်းလေးကို ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။
CRD-MOMOLAY

LEAVE A REPLY

Please enter your comment!
Please enter your name here