ပွဲတက်လာသူအားလုံး လည်ပြန်ငေးကြည့်ရလောက်အောင် ထိမိပြင်းရှတဲ့ စွဲမက်ဖွယ်အလှတွေနဲ့ဖမ်းစားခဲ့တဲ့ ရွှေကစ်လေး

0
101
Loading...

[Zawgyi]












Loading...

[Unicode]
ရွှေကစ်လေးလို့ အားလုံးက ချစ်စနိုးနဲ့ခေါ်ဝေါ်ရသူလေးကတော့ ပရိသတ်တွေရဲ့အသည်းကျော် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ပဲ ဖြစ်ပါတယ်။ နိုင်ငံခြားမင်းသမီးလေးတစ်ဦးလို့တောင် ထင်မှတ်ရတဲ့ ရွှေကစ်လေးက အလှအပရေးရာမှာ ပြိုင်ဘက်ကင်းလောက်အောင် လှသူလေး ဖြစ်ပါတယ်။ ဒါ့အပြင် ရွှေကစ်လေးက ခေတ်ရေစီးကြောင်းအတိုင်း ဆန်းသစ်လှပတဲ့ဖက်ရှင်တွေကို ဝတ်ဆင်လေ့ရှိတာကြောင့် ဖက်ရှင်ဘုရင်မလေးလို့လည်း တင်စားခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။





နိုင်ငံတကာနဲ့လက်တွဲပြီး အနုပညာအလုပ်တွေ လုပ်ကိုင်နေတဲ့ ရွှေကစ်က ရုပ်ရှင်ဇာတ်ကားကြီးအများဆုံး ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ အခုလည်း ရွှေကစ်က သူမပါဝင်သရုပ်ဆောင်ထားတဲ့ ” ဒဏ္ဍာရီမိုး ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ” Red Carpet Show” ပွဲကို တက်ရောက်ခဲ့ပါတယ်။ အလှပဆုံး ဝတ်စုံလေးနဲ့ ကြွကြွရွရွလေး ပွဲတက်လာတဲ့ ကစ်ရဲ့အလှမှာတော့ အားလုံးရင်သပ်ရှုမောခဲ့ရတာ ဖြစ်ပါတယ်။





ပွဲတက်လာသူ ဧည့်ပရိသတ်တွေအားလုံးက ထိရက်စရာမရှိအောင် ပျိုမျစ်နုနယ်နေတဲ့ ကစ်လေးကို လည်ပြန်ငေးကြည့်ခဲ့ရတာ ဖြစ်ပါတယ်။ အမြဲတမ်း ပန်းလေးတစ်ပွင့်ပမာ နုဖတ်ပြီး ချစ်စရာကောင်းလွန်းတဲ့ ကစ်လေးကိုတော့ ပရိသတ်တွေက အချစ်တွေပိုနေရမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ”ဒဏ္ဍာရီမိုး” ဇာတ်ကားရဲ့ Red Carpet Show ပွဲကို တက်ရောက်လာတဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
Source: Wutt Hmone Shwe Yi;CRD-Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here