ခမ်းနားမှုတွေကိုယ်စီနဲ့ အတွဲညီညီပွဲတက်လာတဲ့ နေတိုးနဲ့ မိုးဟေကို

0
64
Loading...

[Zawgyi]







Loading...

[Unicode]
ပရိသတ်တွေချစ်ကြတဲ့ အနုပညာရှင်နှစ်ဦးဖြစ်တဲ့ နေတိုးနဲ့ မိုးဟေကိုက ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေမှာ အတွဲညီညီနဲ့ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပါတယ်။ နေတိုးနဲ့ မိုးဟေကိုတို့ရဲ့ အတွဲညီညီနဲ့ သရုပ်ဆောင်မှုတွေကို ပရိသတ်တွေကလည်း သဘောကျကြိုက်နှစ်သက်စွာနဲ့ အားပေးကြတာကို တွေ့ရပါတယ်။ မိုးဟေကိုတစ်ယောက် အနုပညာလောကကနေ ခတ္တနားလိုက်တော့ နေတိုးနဲ့ မိုးဟေကိုတို့က နောက်ပိုင်းမှာတော့ အတူတူတွဲပြီး သရုပ်ဆောင်တာ ရှားသွားတာကို တွေ့ရပါတယ်။


ဒါပေမယ့် နေတိုးနဲ့ မိုးဟေကိုက 7th Sense Film Production မှ မကြာခင်မှာ ရိုက်ကူးမယ့် “ကျွန်တော်ရဲ့သူ” ရုပ်ရှင်ဇာတ်ကားကြီးမှာ တွဲဖက်ပြီး သရုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။ ထိုရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ဝင်းလွင်ထက် ရိုက်ကူးမှာ ဖြစ်ပြီး အဓိက သရုပ်ဆောင်များအနေနဲ့ နေတိုးနဲ့ မိုးဟေကိုတို့ ပါဝင်မှာပဲ ဖြစ်ပါတယ်။
မနေ့က ဇူလိုင်လ(၂၀) ရက်နေ့မှာတော့ နေတိုးနဲ့မိုးဟေကိုက KER Opening Ceremony ပွဲကို တက်ရောက် ဂုဏ်ပြုပေးခဲ့ကြပါတယ်။
နေတိုးနဲ့ မိုးဟေကိုက ခမ်းနားတောက်ပြောင်လှတဲ့ အဝတ်အစားတွေနဲ့ လိုက်ဖက်ညီစွာ အတူတူ ပွဲတက်ခဲ့တာကို တွေ့ရပါတယ်။ အဲ့ဒါကြောင့်လည်း သူတို့နှစ်ဦးက အားလုံးကြားမှာ ထင်ပေါ်လှပနေကြတာဖြစ်ပါတယ်။



နေတိုးနဲ့ မိုးဟေကိုတို့အပြင် KER Opening Ceremony ကို မိုးစက်ဝိုင်၊ ထက်ထက်ထွန်း၊ ပိုးကြာဖြူခင်၊ ဇင်ဇင်ဇော်မြင့်၊ နော်ဖောအယ်ထား၊ ပိုင်တံခွန်စတဲ့ အနုပညာရှင်များစွာလည်း တက်ရောက်ခဲ့ကြတာပါတယ်။နေတိုးနဲ့ မိုးဟေကိုတို့ကတော့ အတွဲညီညီနဲ့ လိုက်ဖက်နေတာကို တွေ့ရပါတယ်။ပရိသတ်တွေလည်း နေတိုးနဲ့ မိုးဟေကိုတို့ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here